Click 2021 ထွက်ပြီ..

Click 2021 ကိုမျှော်လင့် တကြီးနဲ့ စောင့်စားခဲ့ပေမဲ့… အားလုံးမျှော်လင့်ထားသလို ပုံမပြောင်းပဲ Sticker တွေပဲပြောင်းလာခဲ့ပါတယ်… အခြားသောထူးခြားချက်တွေလည်း ဘာမှမရှိလာပါဘူး….

ဒါပေမဲ့ Honda ချစ်သူတွေအတွက် အရောင်လေးတွေကိုတော့စိတ်တိုင်းကျဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးထားတယ်လို့ပြောလို့ရပါတယ်….

150i အတွက် အရောင် ၃ ‌ရောင် 125i အတွက် အရောင် 2 ရောင်ရရှိနိုင်ပါတယ်….ပုံတွေကိုလည်းအောက်မှာ ဖော်ပြပေးလိုက်ပါတယ်…

ဈေးနှုန်းအနေနဲ့လည်း 150i ကို 3150000 ဝန်းကျင် စျေးဖွင့်ပြီး

125i ကိုတော့ 2800000 ဝန်းကျင်ဈေးဖွင့်ထားတာတွေ့ရပါတယ်…

မည်သို့ပင်ဆိုစေကာမူ Honda မှ Honda ကြိုက်နှစ်သက်သူတွေ Up to Date မှ စီးချင်တဲ့ သူတွေရဲ့ အသည်းကိုတော့ ခုချိန်ထိ ကိုင်ထားနိုင်တာ Honda ရဲ့ စွမ်းရည်လို့ပဲပြောရမှာပါ

Honda Click 150i
Honda Click 125i
Design a site like this with WordPress.com
Get started